ရုပ်သံသတင်း

ရခိုင်အရေး မန္တလေးမှာ ဆန္ဒပြတဲ့ ကျောင်းသားတစ်ဦးကို ထောင်ဒဏ်တစ်လအမိန့်ချ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများရပ်တန့်ရန်နှင့် 4G အင်တာနက်ပြန်ဖွင့်ပေးရန် မန္တလေးတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ဗသသများအဖွဲ့ချုပ်မှ ကျောင်းသားများအနက် တစ်ဦးကို စက်တင်ဘာ ၂၄ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်တရားရုံးမှ ထောင်ဒဏ်တစ်လ ချမှတ်လိုက်သည်။ ရခိုင်ပြည်နယ်အရေး တောင်းဆိုနေကြသည့် စစ်တွေတက္ကသိုလ်မှ ကျောင်းသားသုံးဦးကိုလည်း ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ထားပြီး ရခိုင်ပြည်နယ်အရေးတောင်းဆိုချက်များကို ရေးသားထားသည့် စာရွက်များကို မိတ္ထီလာ၊ မုံရွာ၊ ပဲခူး၊ တောင် ငူ၊ ဒီပဲယင်းမြို့များတွင် လိုက်ကပ်ခဲ့ကြသည့် ဗကသကျောင်းသားများကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မများဖြင့် အမှုဖွင့်ထားပါသည်။

သတင်းနှင့်ရိုက်ကူး – ရန်မိုးနိုင်/Myanmar Now

[youtube https://youtu.be/YtNEQqF3bPc]

Related Articles

Back to top button