ရုပ်သံသတင်း

ပြည်ခိုင်ဖြိုးပါတီမဲဆွယ်သူများက NLD ထောက်ခံသူ၏ နေအိမ်ကို ဖျက်ဆီး

မိတ္ထီလာမြို့နယ် ညောင်ကိုင်းကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွင် ပါဝင်သူများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထောက်ခံသူ၏နေအိမ်ကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် အင်အားသုံးဖျက်ဆီးခဲ့သည်။ ထိုဖြစ်စဉ်အပေါ် နေအိမ်ဖျက်ဆီးခံရသည့် အိမ်ရှင်က မိတ္ထီလာအမှတ်(၂) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည့် ခြောက်ဦးတွင် ငါးဦးမှာ ပြည်ခိုင်ဖြိုးပါတီ၏ ကျေးရွာစည်းရုံးရေးအဖွဲ့ဝင်များဖြစ်သည်။

သတင်းနှင့်ရုပ်သံ – Myanmar Now

[youtube https://youtu.be/WvNeqdnUSoo]

Show More

Related Articles

Back to top button