အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အောင်သပြေလှုပ်ရှားမှုတွင် ပါဝင်ကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

မနက်ဖြန် နိုဝင်ဘာ ၁၁ (၁၁ လပိုင်း၊ ၁၁ ရက်)တွင် ကျရောက်မည့် ‘၁၁၁၁) လှုပ်ရှားမှုအဖြစ် အောင်သပြေပန်းများကို ပုံစံမျိုးစုံအသုံးပြုပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်သည်။ အောင်သပြေပန်းများကို ပန်ဆင်ခြင်း၊ နေအိမ်တွင် ချိတ်ဆွဲခြင်း၊ ဘုရားကပ်လှူခြင်း၊ သပြေပန်းများ ကိုင်ဆောင်ကာ သပိတ်လှုပ်ရှားမှုများ ပြုလုပ်ခြင်း စသည့် နည်းလမ်းတစ်ခုခုဖြင့် ပါဝင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားခြင်း ဖြစ်သည်။ အလားတူ လှုပ်ရှားမှုမျိုးကို ယခုနှစ် ဇွန် ၁၉ တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့တွင် ‘ပန်းသပိတ်’ အဖြစ် နိုင်ငံအနှံ့ ပြုလုပ်ခဲ့ဖူးသည်။ ထိုအခြေအနေတွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရဲနှင့်စစ်သားများက ပန်းကိုင်ဆောင်ထားသည့် ပြည်သူများကို ခြိမ်းခြောက်၊ ဖမ်းဆီးမှုများ ရှိခဲ့သည်။ မနက်ဖြန် ဆင်နွှဲမည့် ‘အောင်သပြေလှုပ်ရှားမှု’ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုတေဇာစန်းကို ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း – ဟန်သစ်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button