
ရန်ကုန်တိုင်းအစိုးရ၏ ညွှန်ကြားစာထွက်လာပြီးနောက် စက်တင်ဘာလ ၁၂ ရက်နေ့တွင် လမ်းတချို့ အခိုင်အမာပိတ်ဆို့ထားမှုများ ဖြေလျှော့ပေးခဲ့သော်လည်း လူဝင်လူထွက်များ ဆက်လက်ပိတ်ထားသောကြောင့် လမ်းတွင်းနေပြည်သူများ သွားလာရေးအခက်အခဲများကြုံနေရဆဲဖြစ်သည်။ Stay at Home သတ်မှတ်သည့် စည်းကမ်းချက်များထဲတွင် တတ်နိုင်သမျှအိမ်ထဲမှာနေရန်နှင့် မလိုအပ်ဘဲအပြင်မထွက်ရန် ညွှန်ကြားထားသော်လည်း အလုပ်လုပ်ကိုင်သူများ ဈေးဝယ်ရမည့်သူများ ကျန်းမာရေးကိစ္စ ဆေးရုံဆေးခန်းပြမည့်သူများကိုတော့ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ အပြင်ထွက်ခွင့် ပြုထားပါသည်။
သတင်းနှင့်ရိုက်ကူး – ဇေယျာမော်/Myanmar Now
[youtube https://youtu.be/TNcrEbEqJig]