ရုပ်သံသတင်း

ရခိုင်စစ်ပွဲရပ်ဖို့ ဆန္ဒပြတဲ့ကျောင်းသားတွေကို အမှုဖွင့်ထား

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် စစ်ပွဲများကိုရှုတ်ချကြောင်းနှင့် အင်တာနက် ပြန်ဖွင့်ပေးရန်အတွက် မန္တလေးမြို့တွင် တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ကြသည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ကျောင်းသားများကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ဖြင့် အမှုဖွင့်ထားပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အင်တာနက်ဆက်သွယ်ရေးကွန်ရက်များ ပိတ်ထားသည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ကာ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ အေအေနှင့် တပ်မတော်တို့၏ လက်နက်ကိုင်တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးဒဏ်ခံနေရပြီး အရပ်သားသေဆုံးမှုများလည်း မြင့်တက်လျက်ရှိပါသည်။

သတင်းနှင့်ရိုက်ကူး – ရန်မိုးနိုင်/Myanmar Now

[youtube https://youtu.be/tYy-2R76uE8]

Related Articles

Back to top button