ရုပ်သံသတင်း

နိုင်ငံတော်သမ္မတကို ပြည်ခိုင်ဖြိုးအမတ်လောင်း ဘယ်လိုကြုံးဝါးလိုက်သလဲ

တာမွေမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အပြိုင်အရွေးခံမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်က နိုင်ငံတော်သမ္မတပြောခဲ့ဖူးသည့် “လင်းတလောက်တော့ ငှက်တိုင်းလှတယ်” ဆိုသည့်စကားကို ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။ ဦးမျိုးဝင်းကျော်သည် ပြီးခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ လစ်လပ်သွားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ရာတွင် NLD ပါတီမှ ဦးတိုးဝင်းကို ရှုံးနိမ့်ခဲ့ပြီး ယခုထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now

[youtube https://youtu.be/ovosTM2_F_E]

Show More

Related Articles

Back to top button