
ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေပြည်သာကျေးရွာဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေသည့် ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများသည် ကိုဗစ်နိုင်တင်းရောဂါဂယက်ကြောင့် စားဝတ်နေရေးပိုမိုခက်ခဲနေကြောင်း သိရသည်။ ယခုအချိန်တွင် အလုပ်လုပ်ကိုင်ရန် ခက်ခဲနေပြီး အလှူရှင်များ၏လှူဒါန်းမှုကိုသာ မှီခိုနေရကာ တာဝန်ရှိသူများအနေဖြင့် ၎င်းတို့ကိုပြစ်မထားဘဲ ကူညီထောက်ပံ့ပေးရန် စစ်ဘေးရှောင်ပြည်သူများက တောင်းဆိုနေကြသည်။
သတင်းနှင့်ရိုက်ကူး – ကောင်းမြတ်နိုင်/Myanmar Now
နောက်ခံစကားပြော – မင်းမင်း/Myanmar Now
[youtube https://youtu.be/RWLqLxY5vtI]