ရုပ်သံသတင်း

ပဲခူးတိုင်းအင်းတကော်ရောက် ချင်းစစ်ဘေးရှောင်များ နေထိုင်စားသောက်ဖို့ခက်ခဲ

တပ်မတော်နဲ့ရက္ခိုင့်တပ်တော် (AA)တို့အကြား အပြင်းအထန်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာတဲ့ ချင်းစစ်ဘေးရှောင် ၅၀ ခန့်သည် ပဲခူးတိုင်းအင်းတကော်မြို့အနီး ပဲခူး-တိုက်ကြီးကားလမ်းပေါ် ရှိ ထီးနန်းကုက္ကားကျေးရွာသို့ ဩဂုတ်လ ၂၉ ရက်နေ့က ရောက်ရှိလာခဲ့ကြသည်။ ရန်ကုန်အခြေစိုက် ချင်းလူသားချင်းစာနာထောက်ထားကူညီပေးရေးအဖွဲ့၏ နောက်ဆုံးအချက်အလက်များအရ အမ်းမြို့နယ် ဒါးလက်ချောင်းကျေးရွာအုပ်စုမှ ချင်းတိုင်းရင်းသား စစ်ရှောင်အရေအတွက် ၄၅၀၀ ခန့်သည် အမ်းမြို့နယ်၊ မကွေးတိုင်းနှင့် ရန်ကုန်မြို့များသို့ တိမ်းရှောင်နေရသည်ဟု သိရပါသည်။ 

သတင်းနှင့်ရိုက်ကူး – ဇေယျာမော်/Myanmar Now

[youtube https://youtu.be/AK_WZd6g_Ug]

Show More

Related Articles

Back to top button