
NLD ပါတီတွင်း အုပ်စုဖွဲ့မှုများနှင့် ပွတ်တိုက်မှုများရှိနေသဖြင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကပြောသည်။ NLD ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မည့်ပါတီဝင်များ၊ တခြားပါတီမှ ဝင်ပြိုင်မည့်ပါတီဝင်များကို ပါတီမှ ထုတ်ပယ်ကြောင်း ဩဂုတ်လ(၂၆) ရက်နေ့တွင် ကြေညာခဲ့ပြီး ယနေ့အချိန်အထိ ပါတီဝင် (၂၀) ခန့်ကို ထုတ်ပယ်ခဲ့ကြောင်း သိရပါသည်။
သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now
[youtube https://youtu.be/afgLpmEkWDQ]