ရက်ပေါင်း ၂၀ ကြာ စစ်တပ်ရှိနေခဲ့သော ဝက်လက်မှ ကျေးရွာတွင် အရိုးစုများတွေ့

စစ်ကောင်စီတပ် ရက်ပေါင်း ၂၀ ကြာ တပ်စွဲနေထိုင်ခဲ့သော စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှ ရွာတစ်ရွာတွင် အရိုးစုများတွေ့ရှိရပြီး ဒေသခံ ၅ ဦး၏ ရုပ်အလောင်းများဖြစ်နိုင်သည်ဟု ရွာခံများက ယုံကြည်နေသည်။ ဝက်လက်မြို့နယ်တောင်ပိုင်း မန္တလေး-မြစ်ကြီးနားရထားလမ်းဘေးရှိ သုံးဆင့်ကန်ရွာမှ စစ်တပ်ထွက်သွားပြီးနောက် ယခုလ ၁၅ ရက်နေ့တွင် ဒေသကာကွယ်ရေးအဖွဲ့များ ဝင်ရောက်ကြည့်ရှုစဉ် အရိုးကျနေသော ရုပ်အလောင်းများကို နှစ်နေရာကွဲ၍ တွေ့ရခြင်းဖြစ်သည်။ အရိုးစုနီးပါးဖြစ်နေသောကြောင့် မည်သူမည်ဝါဟု အတည်ပြုရန် ခဲယင်းသော်လည်း စစ်တပ်က ဖမ်းသွားသည့် CDM ဆရာမတစ်ဦး၊ ရှစ်တန်းကျောင်းသားတစ်ဦးနှင့် ရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် သုံးဦးဖြစ်သည်ဟု သိရသည်။  ယခုလ ၁၅ ရက်နေ့တွင် ရွာအတွင်း နေအိမ်တစ်လုံး၌ မီးလောင်ထားသည့် ရုပ်အလောင်းသုံးခုကို စတွေ့ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက ယနေ့ (အောက်တိုဘာ ၂၀) ပြောသည်။ သတင်းလွတ်လပ်ခွင့်ကို … Continue reading ရက်ပေါင်း ၂၀ ကြာ စစ်တပ်ရှိနေခဲ့သော ဝက်လက်မှ ကျေးရွာတွင် အရိုးစုများတွေ့