
စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ နောက်ဆုံးနေ့တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို အစုအဖွဲ့(၅)ခုမှ ကိုယ်စားလှယ်(၅)ဦးနှင့် အသိသက်သေများက အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။
ယနေ့ချုပ်ဆိုလိုက်သည့် အတည်ပြုချက်ပြီးနောက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စရပ်များကိုလည်း ဆက်လက်အဖြေရှာနိုင်မည်ဟု တိုင်းရင်းသားအစုအဖွဲ့များက မျှော်လင့်နေကြသည်။
သတင်း – ဖြိုးထက်အောင်/Myanmar Now
[youtube https://youtu.be/IKdgYtbVzqw]



