ရုပ်သံသတင်း

“စစ်သားတွေ ဒရုန်းကြောက်ရွံ့မှုက ထင်သာမြင်သာ ပြောင်းလဲမှုပဲ”

Cloud Wings အမည်ရ ဒရုန်းတပ်ဖွဲ့သည် ကရင်ပြည်နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းစစ်ကြောင်းများနှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။ တပ်ဖွဲ့ဖွဲ့စည်းပြီးနောက် မေလ ၂၇ မှစ၍ ယခုအချိန်အထိ ၄ လနီးပါးအတွင်း ဒရုန်းအသုံးပြု ဗုံးသီးကြဲချတိုက်ခိုက်ခဲ့မှု ၁၀ ကြိမ်ကျော် ပြုလုပ်ထားသည်။ လက်နက်ကိုင်တော်လှန်ရေးအားကောင်းရာဒေသများကို လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်လုပ်နေသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ဒရုန်းအသုံးပြုကာ တိုက်ခိုက်မှုများ ပြုလုပ် လာသည်။ တော်လှန်ရေးတပ်များသည် ဒရုန်းများအသုံးပြု၍ ဗုံးသီးများကြဲချတိုက်ခိုက်လာနိုင်မှုကြောင့် စစ်ကောင်စီတပ်အခြေစိုက်စခန်းများ မကြာမခဏ ထိခိုက်ပျက်စီးမှုများရှိလာသည်။ ဒရုန်းအသုံးပြုတိုက်ခိုက်မှု၏ အားသာချက်များ၊ လက်ရှိစစ်ကောင်စီတပ်နှင့် တိုက်ပွဲများတွင် ပါဝင်နေမှုများ၊ စစ်ပွဲအတွင်း နည်းပညာအသုံးပြုတိုက်ခိုက်ရန် စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး Cloud Wings ဒရုန်းတပ်ဖွဲ့တာဝန်ခံ ကိုငြိမ်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။

မေးမြန်း – ဟန်သစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button