သတင်း

မန်းအစိုးရကို အလုပ်သမားများ ဆန္ဒပြ

 (မန္တလေး) – မန္တလေးတိုင်းဒေသကြီး အစိုးရသည် အလုပ်သမားပြႆနာများအား ဖြေရှင်းပေးရန် ပျက်ကွက်သည်ဟုဆိုကာ စက်ရုံပေါင်း၂ဝကျော်မှ အလုပ်သမား၃ဝဝခန့်က ယနေ့ ဒီဇင်ဘာ၉ရက်နေ့ နံနက်၁ဝနာရီတွင် မနော်ရမ္မံ ပြည်သူ့ဟစ်တိုင်ကွင်း၌ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

“အာဏာရတာ ၃နှစ်ရှိပြီ ဒီလို အလုပ်သမားပြဿနာတွေ ဖြေရှင်းနိုင်ခြင်းမရှိဘူး။ ကျွန်တော်တို့ မန္တလေးတိုင်းမှာဖြစ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ အစိုးရရုံးကို ချောင်းပေါက်မတက် သွားတယ်။ အလုပ်သမားဝန်ကြီးခန့်ထားတဲ့ ဦးမျိုးသစ်ကလည်း သွားပြောရင် မသိဘူးချည်း ပြောတယ်။ သေချာတယ် ကြာရင် ကျွန်တော်တို့အလုပ်သမားတွေဟာ ခွေးလျက်တဲ့ ထန်းလျက်ခဲလောက်တောင် ပြောင်မှာမဟုတ်တော့ဘူး” ဟု စက်မှုလက်မှုနှင့်လုပ်ငန်းပေါင်းစုံ အလုပ်သမားများအဖွဲ့ မန္တလေးတိုင်းဒေသကြီး အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင်က ပြောသည်။

Show More

Related Articles

Back to top button