
ကိုဗစ်ကာလအတွင်း လုပ်ငန်းတွေရပ်နားထားရချိန်တွင် လုပ်ခလစာအပြည့်အဝရရှိရေး ဆန္ဒပြတောင်းဆိုခဲ့သဖြင့် တရားစွဲခံရသည့် အလုပ်သမားခေါင်းဆောင်နှစ်ဦးကို ဇွန်လ ၁၅ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ်ရုံးထုတ်ခဲ့သည်။ ကိုဗစ်ကာလအတွင်း ဘလူးဒိုင်းမွန်းစက်ရုံမှ အလုပ်သမား(၁၀၀)ကျော် အလုပ်ထုတ်ခံခဲ့ရပြီး NLD ပါတီနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) တို့ထံ တိုင်စာပေးပို့ထားကြောင်း သိရပါသည်။
သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now
[youtube https://youtu.be/HQbRseq-BqA]