ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်နေ့မှာ ရန်ကုန်အပါအဝင် ဒေသတချို့က ပန်းပန်သူတွေနဲ့ ပန်းကိုင်သူ အများအပြားကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး တစ်ရက်ကြာတဲ့အထိ ပြန်မလွတ်လာသေးသူတွေ ရှိနေပါတယ်။ နိုင်ငံတစ်ဝန်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ပန်းတစ်ပွင့်ကိုင်လာတဲ့ အမျိုးသမီးလေးတွေကိုကြောက်ရွံ့နေတာဟာ ဘယ်လောက်ချောက်ချားနေတယ်ဆိုတာ ဒီမြင်ကွင်းကတစ်ဆင့် မြင်နိုင်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က Myanmar Now ကို ပြောပါတယ်။
သတင်း၊ တင်ဆက် – ဟန်သစ်