သီရိလင်္ကာနိုင်ငံတွင် ပိတ်မိနေသည့် စာသင်သားသံဃာတော်များ၊ ဘုရားဖူးသွားရင်း ကိုဗစ်ကာလ လေကြောင်းသွားလာရေး ခရီးစဉ်များ ဖျက်သိမ်းလိုက်မှုကြောင့် ပိတ်မိနေသည့် လူပုဂ္ဂိုလ်များကို သီတဂူဆရာတော်၏ ဦးဆောင်မှုဖြင့် စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ရာ စစ်ကိုင်း သီတဂူဗုဒ္ဓတက္ကသိုလ်နှင့် ဝိပဿနာအကယ်ဒမီသို့ မေ ၁၆ ညပိုင်းတွင် ရောက်ရှိလာခဲ့သည်။ သံဃာတော် အပါး ၁၃၀၊ သီလရှင်တစ်ပါးနှင့် လူပုဂ္ဂိုလ် ၃၇ ယောက်တို့ကို ပြန်လည်ခေါ်ဆောင်လာခြင်းဖြစ်ပြီး၊ သံဃာတော်နှင့် သီလရှင်တို့အား သီတဂူဝိပဿနာအကယ်ဒမီတွင် သွားလာကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်ကာ လူပုဂ္ဂိုလ်များကို ဗုဒ္ဓတက္ကသိုလ်တွင် စောင့်ကြည့်သွားမည်ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်ကလည်းအိန္ဒိယနိုင်ငံတွင် ပိတ်မိနေခဲ့သည့် စာသင်သံဃာအပါးနှစ်ရာကျော်၊ သီလရှင် ငါးပါးနှင့် လူပုဂ္ဂိုလ် လေးဆယ်ကျော်တို့အားပြန်လည်ခေါ်ဆောင်ခဲ့ပြီး သွားလာကန့်သတ်စောင့်ကြည့်ခဲ့သည်။ အိန္ဒိယမှ ပြန်လာသူများအနက် အမျိုးသားတစ်ဦးတွင်ကိုဗစ်နိုင်တင်း ရောဂါပိုးတွေ့ခဲ့သည့်အတွက် စစ်ကိုင်းပြည်သူ့ဆေးရုံတွင် ဆေးကုသပေးလျက်ရှိပြီး ကျန်သည့်သူများမှာစောင့်ကြည့်စစ်ဆေးမှုများအတွင်း ရောဂါကူးစက်မခံရသည့်အတွက် မေ ၁၃ တွင် မိမိတို့နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။
Read Next
February 15, 2026
လုံခြုံရေးခြိမ်းခြောက်မှုများနှင့် ပုဂံမြို့ဟောင်း၏ကံကြမ္မာ
February 14, 2026
ငြိမ်းချမ်းမှု၊ စည်းလုံးမှု၊ သဟဇာတဖြစ်မှုများနှင့်သာ ရှင်သန်နေထိုင်လိုသည်ကို Walk for Peace က ပြသခဲ့
February 14, 2026
ဟိုပုံးတွင် ဘိုးဘပိုင်မြေဧက ၅၆၀ ပေါ်ရှိ အိမ်ထောင်စု ၂၅၀ ကျော်ကို အင်အားသုံးဖယ်ရှားမည်ဟု စစ်တပ်နှင့်ပအိုဝ်းပြည်သူ့စစ်တို့ ခြိမ်းခြောက်
February 14, 2026
ကုလနှင့် အာဆီယံကို အကျပ်ရိုက်စေမည့် စစ်အုပ်စု၏ ရွေးကောက်ပွဲအလွန် အစိုးရသစ်
February 14, 2026



