သီရိလင်္ကာနိုင်ငံတွင် ပိတ်မိနေသည့် စာသင်သားသံဃာတော်များ၊ ဘုရားဖူးသွားရင်း ကိုဗစ်ကာလ လေကြောင်းသွားလာရေး ခရီးစဉ်များ ဖျက်သိမ်းလိုက်မှုကြောင့် ပိတ်မိနေသည့် လူပုဂ္ဂိုလ်များကို သီတဂူဆရာတော်၏ ဦးဆောင်မှုဖြင့် စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ရာ စစ်ကိုင်း သီတဂူဗုဒ္ဓတက္ကသိုလ်နှင့် ဝိပဿနာအကယ်ဒမီသို့ မေ ၁၆ ညပိုင်းတွင် ရောက်ရှိလာခဲ့သည်။ သံဃာတော် အပါး ၁၃၀၊ သီလရှင်တစ်ပါးနှင့် လူပုဂ္ဂိုလ် ၃၇ ယောက်တို့ကို ပြန်လည်ခေါ်ဆောင်လာခြင်းဖြစ်ပြီး၊ သံဃာတော်နှင့် သီလရှင်တို့အား သီတဂူဝိပဿနာအကယ်ဒမီတွင် သွားလာကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်ကာ လူပုဂ္ဂိုလ်များကို ဗုဒ္ဓတက္ကသိုလ်တွင် စောင့်ကြည့်သွားမည်ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်ကလည်းအိန္ဒိယနိုင်ငံတွင် ပိတ်မိနေခဲ့သည့် စာသင်သံဃာအပါးနှစ်ရာကျော်၊ သီလရှင် ငါးပါးနှင့် လူပုဂ္ဂိုလ် လေးဆယ်ကျော်တို့အားပြန်လည်ခေါ်ဆောင်ခဲ့ပြီး သွားလာကန့်သတ်စောင့်ကြည့်ခဲ့သည်။ အိန္ဒိယမှ ပြန်လာသူများအနက် အမျိုးသားတစ်ဦးတွင်ကိုဗစ်နိုင်တင်း ရောဂါပိုးတွေ့ခဲ့သည့်အတွက် စစ်ကိုင်းပြည်သူ့ဆေးရုံတွင် ဆေးကုသပေးလျက်ရှိပြီး ကျန်သည့်သူများမှာစောင့်ကြည့်စစ်ဆေးမှုများအတွင်း ရောဂါကူးစက်မခံရသည့်အတွက် မေ ၁၃ တွင် မိမိတို့နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။
Read Next
March 21, 2025
မင်းကွန်းတိုက်ပွဲတွင် လက်နက်ကြီးထိ၍ အမျိုးသမီး ၁ ဦး သေဆုံး
March 21, 2025
စစ်တပ်ချီတက်လာသည့် ဆီဆိုင်-လွိုင်ကော်လမ်း အသုံးမပြုကြရန် KNDF ကြေညာ
March 21, 2025
စီးပွားရေး ပိတ်ဆို့မှုကို ကျော်လွှားနိုင်သည် ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော
March 21, 2025
မြောင်တွင် အင်ဂျင်တပ်လေထီးနှင့် လက်နက်ကြီးကြောင့် အငြိမ်းစားဆရာမအပါအဝင် ၄ ဦး သေ
March 21, 2025