အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဧရာဝတီတိုင်းမှ အထည်ချုပ်စက်ရုံလုပ်သား ကိုဗစ်နိုင်တင်းသံသယလူနာအဖြစ် စောင့်ကြည့်ခံရ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကြပ်ပေါင်ကျေးရွာမှ ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတွင် လာရောက်လုပ်ကိုင်နေသူ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦး ကိုဗစ်နိုင်တင်းရောဂါ သံသယလူနာအဖြစ် ပုသိမ်ဆေးရုံကြီးတွင် တက်ရောက် ကုသခံနေရကြောင်း ပုသိမ်ဆေးရုံအုပ်ကြီးက Myanmar Now ကို အတည်ပြု ပြောကြားသည်။

ဧပြီ ၂၃ နံနက် နာရီကျော်တွင် ပုသိမ်ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ပြီး ထိုအမျိုးသမီးငယ်ကို အထူးသီးသန့်ခန်းတွင် ထားရှိကုသနေကြောင်း ဓာတ်ခွဲနမူနာကို ရန်ကုန်ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပေးပို့ထားပြီး ကိုဗစ်နိုင်တင်းရောဂါပိုးရှိမရှိစစ်ဆေးနေကာ မနက်ဖြန် မနက်တွင် အဖြေသိရှိနိုင်မည်ဟု ယူဆကြောင်း ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကပြောသည်။

ချောင်းဆိုးတာ တစ်ခုပဲ။ ဖျားလည်းမဖျားဘူး။ နည်းနည်းမောတယ်။ အသက်ရှူကျပ်တယ်။ ကိုယ်လက်တွေ ကိုက်တယ်။ အဲဒါပဲရှိတယ်ဟု ၎င်းက ပြောသည်။

အဆိုပါ ကိုဗစ်နိုင်တင်းသံသယလူနာမှာ ပုသိမ်စက်မှုဇုန်ရှိ အလုပ်သမားထောင်ချီရှိသော အထည်ချုပ်စက်ရုံမှ အလုပ်သမားတစ်ဦးဖြစ်၍ ထိုစက်ရုံမှ အလုပ်သမားများအတွက် သာမကဘဲ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးအတွက်ပါ စိုးရိမ်စရာအခြေအနေ ဖြစ်သည်ဟု ရန်ကုန်တိုင်းအခြေစိုက် အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့ (LHEO)မှ ဒေါ်ခခက ပြောသည်။

ဒေါက်တာ သန်းမင်းထွဋ်(ပင်းတယ မီးအိမ်ရှင်)က အဆိုပါ ကိုဗစ်နိုင်တင်းသံသယ လူနာအမျိုးသမီးမှာ ထိုစက်ရုံတွင် သင်္ကြန်ပိတ်ရက်များမတိုင်ခင် ဧပြီ အထိလုပ်ကိုင်ခဲ့သည် ဟု Myanmar Now ကို ပြောသည်။

ဧပြီ ၂၃ နံနက်ပိုင်း အထိ မြန်မာနိုင်ငံတွင် ကိုဗစ်၁၉ အတည်ပြုလူနာ ၁၂၇ ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ယနေ့(ဧပြီ ၂၃)နံနက်ပိုင်းအထိ ကိုဗစ်နိုင်တင်းရောဂါကြောင့် သေဆုံးသူ ၅ ဦး၊ ကုသမှုခံယူပြီးနောက် ရောဂါပိုးကင်းစင်သူ ၇ ဦးရှိပြီး စောင့်ကြည့်လူနာပေါင်း ၂၂၁၂ ဦးရှိကာ ရောဂါပိုးတွေ့ရှိသူ ၁၂၇ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button