သတင်း

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးအမတ်လောင်းကို ဒီချုပ် တိုင်ကြားသည့်အမှု ရဲက စတင်စစ်ဆေး

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်တွင် အနိုင်ရခဲ့သည့် ရန်ကုန်လွှတ်တော် ပြည်ခိုင်ဖြိုးအမတ်လောင်း ဦးနေမျိုးအောင်ကို NLD ဘက်က တိုင်ကြားထားသည့် အမှုကို ထိုမြို့နယ်ရဲတပ်ဖွဲ့က စတင်စစ်ဆေးနေကြောင်း သိရသည်။

“ရဲက စစ်ချက်ယူနေတုန်းပါပဲ။ ကျွန်တော်တို့ဘက်ကိုပဲ စစ်သေးတယ်။ သူ့ကို (တိုင်ကြားခံရသူကို) မစစ်ဆေးသေးဘူး” ဟု တရားလိုလည်းဖြစ် ထိုမြို့နယ် NLD အမတ်လောင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်လည်းဖြစ်သည့် ဦးရဲမင်းသိမ်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရအမတ်လောင်း ဦးနေမျိုးအောင်၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်၊ ပါတီ၏ ဆိပ်ကမ်းမြို့နယ်ဘဏ္ဍာရေးမှူး ဒေါ်တိုးတိုးလွင်နှင့် ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌလည်းဖြစ် မေထွဋ်အသေးစားချေးငွေလုပ်ငန်း ကုမ္ပဏီဒါရိုက်တာလည်းဖြစ်သူ ဦးလင်းအောင်အောင်ကို တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (က)ဖြင့် တိုင်ကြားထားခြင်းဖြစ်သည်။

စစ်ဆေးနေသည်ဟူသော အမှုနှင့် ပတ်သက်ပြီး ဆိပ်ကမ်းမြို့နယ်ရဲတပ်ဖွဲ့ကို တယ်လီဖုန်းဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ယခုချိန်အထိ အဆက်အသွယ်မရသေးပေ။

ဆက်စပ်ဖတ်ရှုရန် သတင်းဆောင်းပါး

အနိုင်ရအမတ်လောင်းနှင့် ရွေးကောက်ပွဲအကြိုကာလ ငွေချေးလုပ်ငန်း

Show More

Related Articles

Back to top button