
ခင်ပွန်းဟောင်းက ဓာတ်ဆီလောင်း မီးရှို့သတ်ခြင်းကြောင့် ကွယ်လွန်ခဲ့သည့် အသက် ၂၃ နှစ်အရွယ် မလွင်မာဦးကို ယနေ့ (ဖေဖော်ဝါရီ ၁၁) ဂူသွင်းမြှုပ်နှံခဲ့သည်။
လွန်ခဲ့သည့်တစ်လက တောင်ဒဂုံမြို့နယ်၊ ၂၆ ရပ်ကွက်၊ မြို့မငြိမ်းလမ်းတွင် မိဘများနှင့်အတူနေထိုင်သည့် မလွင်မာဦးကို ၎င်းနှင့် တရားဝင်ကွာရှင်းထားပြီးဖြစ်သည့် ခင်ပွန်းဟောင်းစိုးသူရ(ခေါ်)စိုးကြီးက လာခေါ်ခဲ့ပြီးနောက် ယင်းသို့မီးလောင် သေဆုံးသွားရခြင်းဖြစ်သည်။
[youtube https://youtu.be/AI-kMvm89aU]