ရုပ်သံသတင်း

“ဗိုက်ကိုထိုးတယ်…ဗိုက်ပေါ်တက်ခုန်တယ်” ကျားဖောင်လုပ်သားတစ်ဦး၏ရင်ဖွင့်ချက်

ကျားဖောင်လုပ်ငန်းခွင်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှုများအကြောင်း ရင်ဖွင့်လာသည့် ကျားဖောင်လုပ်သားနောက်တစ်ဦးက အသက်(၃၄)နှစ်အရွယ် ကိုကျော်ဇင်မြတ် ဖြစ်သည်။

ဖောင်ဦးစီးနှင့် ဖောင်လုပ်သားများက ပင်လယ်ပြင်အတွင်း နှိပ်စက်ခဲ့သည့်အတွက် ကိုယ်တွင်းကလီစာများ ပျက်စီးကာ သေလုမြောပါး ဒဏ်ရာများ ရခဲ့သည်ဟုလည်း သူကဆိုသည်။

၂၀၁၉ စက်တင်ဘာလက စတင်ပြီး ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အတွင်းရှိ ပင်လယ်ပြင်တွင် တစ်လကြာ သူကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ကိုကျော်ဇင်မြတ်က ပြောပြထားသည်။

[youtube https://youtu.be/eyYAjFsjsCk]

Show More

Related Articles

Back to top button