
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရသည်ဟုဆိုကာ ရန်ကုန်တိုင်းအစိုးရရုံးရှေ့တွင် ယမန်နေ့ကတည်းက ရောက်ရှိနေသည့် စက်ရုံအလုပ်သမားများ ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီးနှင့် ယနေ့ တွေ့ဆုံခွင့်ရရှိခဲ့သည်။
ထိုတွေ့ဆုံမှုတွင် အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်အပါအဝင် အလုပ်ရှင်အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ပြီး အလုပ်သမားနှင့် အလုပ်ရှင်ကြား ချုပ်ဆိုထားသည့် စာချုပ်ပါ အချက်တွေကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီမှု ရရှိခဲ့သည်ဟု အလုပ်သမားများက ပြောသည်။
အစိုးရရုံးရှေ့ လာရောက်တဲ့ အလုပ်သမားများဟာ SDI Manufacturing ၊ Natural Garmant ၊ Young Clothing ၊ Myanmar Lucky နှင့် Kai Chaung စသည့် စက်ရုံ (၅) ရုံတွင် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။
[youtube https://youtu.be/Lmc1bqD7Crg]