သတင်း

ဆွေးနွေးမလား၊ ဆက်တိုက်မလားဟု တပ်မတော် မေးခွန်းထုတ်

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြင်ဦးလွင်နှင့် နောင်ချို မြို့များရှိ နေရာ ခုကို ရုတ်တရက် တိုက်ခိုက်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်များအား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမလား၊ တိုက်ပွဲများဆက်တိုက်မလားဟု တပ်မတော်ဘက်က မေးခွန်းထုတ်လိုက်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမလား။ တပ်မတော်အနေနဲ့ ကြိုဆိုတယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင်တာလား။ အသင့်ပဲဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ယနေ့ နေ့လယ်ပိုင်း၊ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြောက်ပိုင်းမဟာမိတ်များအပေါ် သဘောထားကို သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖြစ်သည့် တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့် – MNDAA)တို့ အားအကြမ်းဖက်သမားများဟု အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သုံးနှုန်းသွားပြီး ပြင်ဦးလွင်နှင့်နောင်ချိုဒေသ တိုက်ခိုက်ခံရမှုများအားလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ ရှမ်းပြည်နယ်နောင်ချိုရှိ ရဲကင်းနှင့် တပ်မတော်လုံခြုံရေးစခန်းများကို တိုက်ခိုက်မခံရခင် တစ်ရက်အလို ဩဂုတ်လ ၁၄ရက်နေ့ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တိုးတက်မှုရှိအောင်လုပ်ကြရန် တိုက်တွန်းထားကြောင်း၊ ယခုလကုန်ပိုင်းတွင် သက်တမ်းကုန်ဆုံးမည့်တပ်မတော်၏ အပစ်အခတ်ရပ်စဲမှုကာလ သက်တမ်းတိုးရေး၊ မတိုးရေးမှာ လက်နက်ကိုင်အဖွဲ့များ၏ လုပ်ရပ်ပေါ်တွင် မူတည်သည်ဟု တပ်မတော်က ဆိုသည်။

ဆွေးနွေးတာ၊ မဆွေးနွေးတာ၊ လာတာမလာတာကတော့ သူတို့ရဲ့ ငြိမ်းချမ်းရေးလိုချင်တယ် မလိုချင်ဘူးအပေါ်မှာ မူတည်ပါတယ် ဟု

တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

ထို့အပြင် တပ်မတော်နည်းပညာတက္ကသိုလ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သော လက်နက်ကြီးများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများတွင် သုံးနေသော ကုန်ကျစရိတ်ငွေများ မည်သည့်နေရာက ရသနည်းဟု ဗိုလ်ချုပ်ထွန်းထွန်းညီက မေးခွန်းထုတ်သည်။

ဒီလက်နက်တွေရအောင် သူတို့ ဘယ်ကရသလဲ။ ဝင်ငွေရအောင် အလွယ်ဆုံးကတော့ မူးယစ်ဆေးဝါး။ ဒီအချိန်မှာ အလွယ်ဆုံးပဲ။ ဆယ်ပေလောက်တစ်ခန်းရှိရင် ထုတ်လို့ရတယ်။ အဓိက ကတော့ သူတို့ဝင်ငွေရနေတာက မူးယစ်ဆေးဝါးကနေဖြစ်တယ်ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ခိုက်ခဲ့သည့် ၁၀၇ မမ ရှော့တိုက်ဒုံးသည် တစ်လုံးလျှင် အမျိုးအစားအလိုက် ထုတ်လုပ်မှုကုန်ကျစရိတ် အနည်းဆုံးဒေါ်လာ ၁၆၀ မှ ဒေါ်လာ ၁၆၀၀ ထိရှိကြောင်း မှောင်ခိုဈေးကွက်တွင် တစ်လုံးကို မြန်မာငွေ သိန်း ၆၀ ခန့်ရှိကြောင်း၊ ယင်းလက်နက်ဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က တပ်မတော်နည်းပညာတက္ကသိုလ်ကို အလုံး ၃၀ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် တန်ဖိုးအားဖြင့် ကျပ်သိန်း ၁၈၀၀ ရှိကြောင်း အဆိုပါငွေများကို မည်သည့်နေရာမှရသနည်းဟုလည်း ဗိုလ်ချုပ်က မေးခွန်းထုတ်ခဲ့သည်။

အလားတူ ၂၀၁၆ ခုနှစ်က ရှမ်းပြည်အရှေ့ပိုင်းရှိ မိုင်းလားအထူးဒေသတွင် ဖြစ်ပွားခဲ့သော လက်နက်ခဲယမ်းပေါက်ကွဲမှု၊ ၂၀၁၉ မတ်လအတွင်းပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေဖြစ်သော မိုင်းမောမြို့တွင်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများကို ကြည့်ပါက အဆိုပါနယ်မြေများတွင် ဖောက်ခွဲပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ရှိနေသည်ကို မည်သို့မျှငြင်းပယ်၍မရသည့် အနေအထားဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ထောက်ပြပြောဆိုခဲ့သည်။

ထို့အပြင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က  ဂုတ်တွင်းတံတားကို ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် C-4 ယမ်းများ၊ မပေါက်ကွဲဘဲကျန်ခဲ့သည့် C-4 ယမ်းများ စုစုပေါင်း ကီလို ၃၀ တို့သည် ဈေးကြီးသည့် လက်နက်များဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“(ယမ်း)ကီလို ၃၀ လုံးသာ ပေါက်သွားရင် တံတားက တစ်စစီဖြစ်သွားမှာ ဒါတွေ ဘယ်က ရသလဲ။ အခုန ပြောတဲ့ မူးယစ်ဆေးဝါးကိစ္စတွေက ဖြစ်မှာပေါ့ ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

တပ်မတော်မှ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုများအနေဖြင့် ရက် ၂၀၁၈ မှ ၃၁ ရက် ၁၂ ၂၀၁၈ အထိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ / အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ / တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ / အနောက်ပိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှ ဘိန်းဖြူ ၁၄၅၀ ကီလိုကျော်၊ ဘိန်းစိမ်း ၁၇၆၀ ကီလိုကျော်၊ ဘိန်းမဲ ကီလိုကျော်၊ စိတ်ကြွဆေးပြား သန်း ၃၀ ကျော် စုစုပေါင်း ကျပ်ဘီလျံ ၁၃၀ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းကရှင်းပြသည်။

ထို့အပြင်  ၂၀၁၉ ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၁၅ ရက်အထိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အနောက်ပိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် ဘိန်းဖြူ ၁၇၁ ကီလို ဘိန်းစိမ်း ၂၅၀ ကီလို၊ စိတ်ကြွဆေးပြား ၄၄ သိန်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် နယ်မြေများသည် တိုင်းရင်းသားလက်နက်ကိုင်များလှုပ်ရှားသည့် နယ်မြေဖြစ်နေကြောင်း ယမန်နေ့ ညနေကလည်း စိတ်ကြွဆေးပြား ၂၇ အိတ်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။

Show More

Related Articles

Back to top button