သတင်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်စရန် မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့ ကို အစိုးရငြိမ်းချမ်းရေးကော်မရှင်ကမ်းလှမ်း

နှစ်လကြာ ရပ်နားထားသည့် နှစ်ဖက်အကြား တရားဝင်တွေ့ဆုံပွဲများ ပြန်လည်စတင်ရန် အစိုးရငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းလက်နက်ကိုင် ဖွဲ့ ကို ကမ်းလှမ်းလိုက်သည်။

ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့် အခမ်းအနားကို တက်ရောက်ရန် မိုင်းလားမြို့သို့ ရောက်ရှိနေကြသည့် နှစ်ဖက်ကိုယ်စားလှယ်များအကြား ယမန်နေ့က အလွတ်သဘော တွေ့ဆုံမှုတွင် ယင်းကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ထိုကော်မရှင်၏ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောသည်။

ရှင်နှင့် မြောက်ပိုင်းမဟာမိတ် ဖွဲ့ဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ KIA တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ၎င်းတို့အကြား အလွတ်သဘောတွေ့ဆုံမှုတွင် နှစ်ဖက်ပွင့်လင်းစွာဆွေးနွေးနိုင်ခဲ့ပြီး အသေးစိတ်အခြေအနေများကို ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း ဦးသိန်းဇော်က ပြောသည်။

ကျွန်တော်တို့ကတော့ နှစ်ပတ်အတွင်း တွေ့နိုင်အောင် ကြိုးစားကြမယ်လို့ ပြောခဲ့တယ်။ တွေ့နိုင်မတွေ့နိုင်ဆိုတာကတော့ နှစ်ဖက်အခြေအနေပေါ်မှာ မူတည်တယ် ဟု ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင် နှင့် မြောက်ပိုင်း ဖွဲ့တို့အကြား တရားဝင်တွေ့ဆုံဆွေးနွေးနိုင်ရန် ကြားဝင်ဆောင်ရွက်ပေးသူများက ညှိနှိုင်းပေးသော်လည်း KIA အဖွဲ့၏ ဆွေးနွေးမည့်ကိုယ်စားလှယ်များ မပါဝင်သောကြောင့် တရားဝင်ဆွေးနွေးပွဲ ဖြစ်မြောက်ခဲ့ခြင်းမရှိပေ။

ဧပြီ ၃၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ကော်မရှင် နှင့် မြောက်ပိုင်း ဖွဲ့တို့အကြား တရားဝင်ဆွေးနွေးနိုင်ခဲ့ပြီး မေလ ဒုတိယအပတ်တွင် ပြန်လည်တွေ့ဆုံရန် ချိန်းဆိုခဲ့သော်လည်း ဆွေးနွေးမည့်နေရာကို ညှိနှိုင်းမရသောကြောင့် နှစ်လကြာအောင်သည်အထိ တရားဝင်တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ဆွေးနွေးမည့် မြောက်ပိုင်း ဖွဲ့ထဲမှ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့သည် ယခုရက်ပိုင်းအတွင်း တပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button