သတင်း

မိုက်ကယ်ကျော်မြင့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုထံတွင် တိမ်းရှောင်နေဟု ရဲတပ်ဖွဲ့ဆို

မိုက်ကယ်ကျော်မြင့်သည် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့အစည်းတစ်ခု၏ စီးပွားရေးတာဝန်ခံ ဖြစ်ပြီး လက်ရှိတွင် အဆိုပါ အဖွဲ့အစည်း၌ ခိုလှုံနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ယနေ့ အစိုးရသက်တမ်း တတိယနှစ်အတွက် ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် () ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောဆိုသည်။

မေလ ၁၅ ရက်၌ တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြု ဆူပူမှုဖြစ်စေရန် လုပ်ဆောင်ခဲ့သည့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ကို တရားရုံးလာရောက်ရန် သတ်မှတ်ထားသော နောက်ဆုံးရက်(မေလ ၂၃ရက်) ရောက်သော်လည်း လာရောက်အဖမ်းခံခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသည်။

မိုက်ကယ်ကျော်မြင့်သည် ယခင်က ကရင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် KNU-KLNA/PC ကပေါ်ထူးဆိုသည့် စီးပွားရေးကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာ၊ မန်နေဂျာ အစရှိသည့် ရာထူးများဖြင့် လုပ်ကိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ထို့ပြင် ၎င်းသည် ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ရှိ မြေကွက်များကိုလည်း ဗိုလ်မှူးစောမိုက်ကယ်ဆိုသည့် အမည်ဖြင့် စီးပွားရေးလုပ်ကိုင်ရန် ကြိုးပမ်းသဖြင့် ပြည်သူပိုင်ပစ္စည်းခိုးယူမှု ပုဒ်မ ၆(၁) ဖြင့် ထောင်ကျဖူးသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် လွတ်လပ်သည့် အာရှအသံ-RFA သတင်းဌာနမှ သတင်းထောက်က ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် မိုက်ကယ်ကျော်မြင့်၊ ဆရာတော် ဦးသုစိတ္တ (မြန်မာအမျိုးသားကွန်ရက်အဖွဲ့ဝင် ဖမ်းဝရမ်းထုတ်ခံထားရသူ အမျိုးသားရေးဆရာတော်) အစရှိသူများကို မဖမ်းခြင်း၊ ဦးကိုနီအမှုတွင် အောင်ဝင်းခိုင်အခြေအနေကို မသိရှိရခြင်းတို့ အကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

ယင်းမေးမြန်းချက်အပေါ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ်() ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ ဦးဆောင်သည့် လူ ၂၀၀ ခန့်က တောင်ဒဂုံမြို့နယ်သို့ ရောက်လာသည်မှာ မေလ ၁၅ရက် ဖြစ်ပြီး ၁၆ ရက်တွင် ၎င်းအား ဖမ်းဆီးရန် ဝရမ်း ရရှိကြောင်း၊ ထိုသို့ ဖမ်းဝရမ်း မရခင်ကတည်းက အရှေ့ပိုင်းခရိုင်ဦးစီးရဲများအနေဖြင့် မိုက်ကယ်ကျော်မြင့်ကို ဖမ်းရန် အသင့် စောင့်ဆိုင်းခဲ့ကြောင်း ပြန်လည် ဖြေကြားသည်။

ဖမ်းဝရမ်းရရှိချိန်တွင် မိုက်ကယ်ကျော်မြင့်မှာ တိမ်းရှောင်နေပြီး  ရန်ကုန်မန္တလေး တိုးဂိတ်ကို  ၎င်း၏ ကားဖြတ်သန်းကြောင်း သတင်းရရှိသဖြင့် စုံစမ်းရာတွင် ၁၉ ရက် ကျောက်စိမ်းဘုရား ကားပါကင်တွင် ၎င်း၏ ကားကို တွေ့ရပြီး မိုက်ကယ်ကျော်မြင့်ကိုတော့ မတွေ့ရှိရကြောင်း ၎င်းက ဆက်လက်ပြောသည်။

မိုက်ကယ်ကျော်မြင့်သည် ထိုအချိန်က ပဲခူးမှ ခရီးသည်တင်ကားနှင့် လိုက်သွားခဲ့သည်ဟု ရဲတပ်ဖွဲ့က သုံးသပ်ထားကြောင်း ဆိုသည်။

ယခုအခါ မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးသည် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့အစည်းထံ ရောက်ရှိနေသဖြင့် အဆိုပါ အဖွဲ့အစည်းနှင့် ညှိနှိုင်း၍ ဆောင်ရွက်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။

မိုက်ကယ်ကျော်မြင့်မှာ ၂၀၁၇ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ကိုယ်ရေးအရာရှိတို့ မြေကိစ္စတွင် လာဘ်စားခဲ့သည်ဟု စွပ်စွဲမှု၊ ဆန္ဒပြမှုတို့ကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ () ဖြင့် ထောင်ဒဏ် ခြောက်လ မမှန်မကန် စွပ်စွဲမှုကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ ဖြင့် ထောင်ဒဏ် သုံးလ၊ ယင်းအပြင် ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ဖြင့် ထောင်ဒဏ် တစ်လ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ () (အစိုးရကို ထိခိုက်စေသည့် သတင်းဖြန့်ချိမှုကြောင့် အများပြည်သူ အကျိုးကို ပျက်စီးစေမှု) ဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရသူလည်း ဖြစ်သည်။

Show More

Related Articles

Back to top button