သတင်း

ခြေဥပြင်ဆင်ရေး ပျော်ဘွယ်တွင် ဆန္ဒပြတောင်းဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်တွင်းဆွေးနွေးနေမှုများကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် မန္တလေးတိုင်း ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့တွင် လူအင်အားထောင်ချီကာ ယနေ့ နံနက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဟောပြောပွဲ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကဗျာဆရာ ထွဏ်သွေးအိမ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးခွင့်ရှိသူ၏ ၉၂ ရာခိုင်နှုန်း ထောက်ခံသည်ဆိုသည်မှာ မဖြစ်နိုင်ဟုဆိုသည်။

“အဲဒီခေတ်ကာလတုန်းက ရယ်ရတယ်။ ပြည်သူလူထုက ၉၂ရာခိုင်နှုန်း ထောက်ခံတာတဲ့။ ဘာမှမဟုတ်ဘူး။ သူတို့ဘာသာ တံခါးပိတ်ပြီး ခေါင်းချင်းဆိုင်ဆွဲခဲ့တဲ့ ဥပဒေပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါပွဲတွင် တပ်မတော်အရာရှိဟောင်း ဦးနေမျိုးဇင်၊ ကဗျာဆရာ ထွဏ်းသွေးအိမ်၊ စာရေးဆရာ ဉာဏ်လှိုင်တို့က ၂၀၀၈ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး ဟောပြောခဲ့ကြသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လူ၂၀၀၀ ကျော်၏ လက်မှတ်လည်း ကောက်ခံရရှိထားကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ခင်နှင်းဝေ / Myanmar Now
ဓာတ်ပုံ – ခင်နှင်းဝေ / Myanmar Now

Show More

Related Articles

Back to top button