သတင်း

TNLA ဖမ်းသွားသူများထဲမှ ၈ ဦး ပြန်လွတ်

TNLA လက်နက်ကိုင် အဖွဲ့က  ဖမ်းဆီးသွားသည့် ရှမ်းပြည်နယ်၊  မူဆယ်ခရိုင် ပန်းဆေးဒေသ၊  ဝါလုကျေးရွာမှ ၈ ဦး မတ်လ ၁၆ ရက်နေ့ ညဉ့်သန်းခေါင်တွင် ရွာသို့ ပြန်ရောက်လာပြီဖြစ်ကြောင်း ထိုဒေသမှ ခိုလုံလီရှော လူငယ်အဖွဲ့ ပြန်ကြားရေး တာဝန်ခံ မခင်သိမ့်သိမ့်ထွန်းက မတ်လ ၁၇ ရက်နေ့တွင် ပြောသည်။

“ည ၁၁ နာရီလောက်မှာ ပြန်လွတ်လာပါတယ်၊ ဒီတစ်ခေါက်တော့ ငွေတောင်းခံခြင်း မရှိပါဘူး၊ ရိုက်နှက်ထားတာ ဒဏ်ရာတွေတော့ ခန္ဓာကိုယ်မှာ ရှိတယ်” ဟု ၎င်းက ပြောသည်။

၁ဝ ရက်ခန့် ထိန်းသိမ်းခံခဲ့ရသူများထဲတွင် အမျိုးသမီးတချို့ ပါဝင်ကြောင်း သိရသည်။

ဒေသခံတို့က မတ် ၁၃ ရက်နေ့တွင်  မန္တလေးမြို့ သတင်းထောက်များနှင့် လာရောက် တွေ့ဆုံကာ ဖမ်းဆီးခံရခြင်း၊ ပြန်ပေးဆွဲခြင်းတို့နှင့် ပတ်သက်ပြီး ရှင်းပြကာ အပြစ်မဲ့ ရွာသား ၈ ဦး ပြန်လွတ်ရေးအတွက် အစိုးရက ကူညီပေးရန် တောင်းဆိုခဲ့သေးသည်။

TNLA ပြန်ကြားရေး ဦးတာအိုက်ကျော်ကမူ ထိုသို့ဖမ်းဆီးခြင်းမှာ ပြန်ပေးဆွဲခြင်း မဟုတ်ကြောင်း၊  ဘိန်းစိုက်သည်ဟု ယူဆရသူများကို ခေါ်ယူစစ်ဆေး အပြစ်ပေးရခြင်းသာဖြစ်ကြောင်း မတ် ၁၃ ရက်နေ့တွင် Myanmar Now ကို ပြောသည်။

Show More

Related Articles

Back to top button