ရုပ်သံသတင်း

နိုင်ငံပိုင်စက်ရုံတွေ ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းပြီးနောက် ဝန်ထမ်းတွေ ဒုက္ခရောက်

နိုင်ငံပိုင်စက်ရုံတွေကို ပုဂ္ဂလိကပိုင်စက်ရုံအဖြစ် လွှဲပြောင်းပြီးနောက် လုပ်ငန်းရပ်ဆိုင်းမှုတွေကြောင့် အခက်အခဲတွေရှိနေကြောင်း စက်ရုံဝန်ထမ်းတွေ၊ နဲ့ ဝန်ထမ်းဟောင်းတွေက ပြောပါတယ်။

နိုဝင်ဘာလ (၂၇)ရက်နေ့က နိုင်ငံအနှံ့မှာရှိတဲ့ စက်ရုံ(၁၄)ရုံက အလုပ်သမားအဖွဲ့ခေါင်းဆောင်တွေ စုပေါင်းပြီး ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

နိုင်ငံပိုင်စက်ရုံကနေ ပုဂ္ဂလိကပိုင်လွှဲပြောင်းခဲ့တဲ့ စက်ရုံပေါင်း ၃၀ ခန့်ရှိပြီး ထပ်မံလွှဲပြောင်းဖို့ ၅၄ ရုံ ကျန်ရှိနေသေးတယ်လို့ သိရကြောင်း ဒီနေ့ရောက်ရှိလာတဲ့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။

လွှဲပြောင်းခဲ့ပြီး စက်ရုံတွေထဲမှာ အထည်ချုပ်စက်ရုံ၊ ဂုန်နီအိတ်စက်ရုံ၊ စစ်တောင်းစက္ကူစက်ရုံ၊ ဆပ်ပြာစက်ရုံ၊ ဆေးဝါးစက်ရုံ၊ သတ္တုတွင်းစက်ရုံနဲ့ တခြားသောစက်ရုံတွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ နိုင်ငံပိုင်စက်ရုံအများအပြားကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/5OKEqOW8jvM]

Show More

Related Articles

Back to top button