အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စက်ထဲတွင်ကြေမွသွားသော သားလိမ္မာတစ်ဦး၏အိပ်မက် (ရုပ်သံ)

စီးပွားရေးကျပ်တည်းသည့်မိဘကို ငဲ့ညှာကာ ကျောင်းထွက်ပြီး အလုပ်ဝင်ခဲ့သည့် လှိုင်သာယာမြို့နယ်မှ စတုတ္ထတန်းကျောင်းသားဟောင်း မောင်ချစ်မင်းထွေးသည် ယခုအခါမှာတော့ ညာဘက်လက်မှ လက်ချောင်းသုံးချောင်းကို ဆုံးရှုံးခဲ့ရပြီဖြစ်သည်။

အသက် ၁၂ နှစ်ရှိသည့် မောင်ချစ်မင်းထွေးသည် ပြီးခဲ့သည့်စက်တင်ဘာလက ရွှေလင်ဗန်းစက်မှုဇုန်ရှိ Four Ocean ပီနံအိတ်စက်ရုံတွင် ကလေးလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး တစ်လအကြာ အောက်တိုဘာလ ၂၅ရက် ကော်စေ့ကျိုသည့်စက်အတွင်း လက်ညပ်ပါသွားခဲ့ခြင်းဖြစ်သည်။

လက်ချောင်းသုံးချောင်းမှာ နေရာတင် စက်အတွင်း မွမွကြေကာ ဆုံးရှုံးသွားပြီး လက်မနှင့်လက်ညှိုးမှာ ထက်ပိုင်းပြတ်ထွက်သွားသည်။

အင်းစိန်မြို့နယ်ဆေးရုံတွင် လက်ညှိုးနှင့်လက်မကို အချိန်မီ ပြန်ဆက်ခဲ့ပြီး တစ်လခန့် ဆေးရုံတက်ကာ ဆေးကုသမှုခံယူခဲ့သည်။

ဒီကိစ္စနှင့်ပတ်သက်ပြီး အလုပ်ရှင်အလုပ်သမားကြား ညှိနှိုင်းဖြေရှင်းရာမှာ အငြင်းပွားမှု ဖြစ်ပေါ်လျက်ရှိသည်။

ရိုက်ကူး/တည်းဖြတ် (ကေဇွန်နွေး – Myanmar Now)

[youtube https://youtu.be/fema2f1j-tI]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button