ရုပ်သံသတင်း

မြစ်ဆုံရေကာတာတည်ဆောက်ခြင်း ကန့်ကွက်ဆန္ဒပြ (ရုပ်သံ)

မြစ်ဆုံရေကာတာတည်ဆောက်ခြင်းအား ပြည်သူလူထုမှ စုဝေးကန့်ကွက်ဆန္ဒပြပွဲကို ဒီကနေ့ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီမှာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

“ဧရာဝတီကိုကာကွယ်ကြ၊ ဧရာဝတီကိုကယ်တင်ကြ၊ မြစ်ဆုံရေကာတာတည်ဆောက်ခြင်းအား တစ်တိုင်းပြည်လုံး ကန့်ကွက်ကြ ဆန့်ကျင်ကြ” စတဲ့ ကြွေးကြော်သံတွေနဲ့ တစ်နာရီ ဝန်းကျင်ခန့် ကြာအောင် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းတည်ဆောက်တာကို ပြည်သူတွေ လက်မခံကြောင်း အစိုးရအဖွဲ့အစည်းတွေ သိရှိစေဖို့ ပြုလုပ်တာဖြစ်ပြီး မကြာခင်မှာ တိုင်းဒေသကြီးအနှံ့မှာ ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

(ရိုက်ကူး/တည်းဖြတ်- ကေဇွန်နွေး/Myanmar Now)

[youtube https://youtu.be/7Gf6OPpstxM]

Show More

Related Articles

Back to top button