
ရန်ကင်းမြို့နယ်တရားရုံးမှာ ဒီနေ့မနက် ဖေဖော်ဝါရီလ ( ၂၁) ရက်နေ့က MDCF ဒီမိုကရေစီအရေးစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု အဖွဲ့ဝင်အချို့က အခြေခံဥပဒေ ဖျက်သိမ်းရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာပါဝင်တဲ့ MDCF အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုကျော်ဇင်လတ် ဖမ်းဆီးခံခဲ့ရပါတယ်။
ဒါ့အပြင် ဒီနေ့MDCFခေါင်းဆောင် ကိုထင်ကျော် ရန်ကင်းတရားရုံး ရုံးထုတ်ချိန်မှာ သူ့ရဲ့အဖွဲ့ဝင် ၂၀ ခန့်က ဆန္ဒပြခဲ့ကြတာဖြစ်ပြီး “လူဦးရေ (၆)သန်းကျော်ကို လိမ်လည်ထားသော ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ရာဇဝတ်ကျင့်ထုံး ပုဒ်မ (၅၀) ကို ဖောက်ဖျက်သော ပြည်ထဲရေးဝန်ကြီး အလိုမရှိ” စာသားပါ ဗီနိုင်းကို ကိုင်ဆောင် ဆန္ဒပြခဲ့တာပါ။
အဲ့ဒီနောက် ဆန္ဒပြပွဲအတွက် ခွင့်ပြုမိန့်မရခဲ့တဲ့အတွက် လာရောက်တားဆီးသူ ရဲတပ်ဖွဲ့ဝင်တချို့နဲ့ အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။
ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)
[youtube https://youtu.be/9_e8f7uZ9V8]