ရုပ်သံသတင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲ ရန်ကုန်မြို့တော်ခန်းမရှေ့ ပြုလုပ်

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲကို ဒီကနေ့ မတ်လ ၂ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြည်သူတွေက ထောက်ခံပွဲပြုလုပ်ခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြည်သူ့သဘောထား လက်မှတ်ကောက်ယူတာတွေလည်း ပြုလုပ်ခဲ့တာပါ။

“၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပါသည် “၊ “သင်မထောက်ခံခဲ့သော ၂၀၀၈ အခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲရန် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်” စတဲ့ စာတန်းပါဗီနိုင်းစတွေ ကိုင်ဆောင်ကာ ကြွေးကြော်သံတွေနဲ့ ထောက်ခံပွဲ ပြုလုပ်ခဲ့တာပါ။

ဒါ့အပြင် ဒီကနေ့မှာ ရှမ်းပြည်နယ်တောင်ကြီးမြို့မှာလည်း ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံပွဲကို ခြိမ်းခြောက်မှုတွေရှိတဲ့ကြားက ထောက်ခံပွဲ အေးချမ်းစွာ ပြီးဆုံးခဲ့ပါတယ်။

အလားတူ ပြည်သူ့သဘောထားမပါဝင်ခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲကို တစ်နိုင်ငံလုံးမှာ ပြုလုပ်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။

ဒီကနေ့မတ်လ ၂ ရက်နေ့ဟာဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အတည်ပြုခဲ့တဲ့ ၁၁ နှစ်မြောက်လည်း ဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/wNU0cqKDzLw]

Show More

Related Articles

Back to top button