ရန်ကုန် − ၂၅ နှစ် အတွင်း မြန်မာနိုင်ငံတွင် ပါတီအားလုံး ဝင်ပြိုင်ခဲ့သော ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ တွင် ကျင်းပရာ တရားဝင်ရလဒ်များ နောက်တစ်နေ့တွင်နိုဝင်ဘာ ၉၊ ၁ဝ တို့တွင် ထွက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်တွင်သာမက တိုင်းရင်းသားဒေသများတွင်ပါ အနိုင်ရမည့်ပုံပေါ်နေသည်။ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နေရာအနည်းငယ်တွင်သာ နိုင်သည့်ပုံ ပေါ်နေသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များကို ကိုးကားပြီး ရလဒ်များကို အောက်ဖော်ပြပါ ဇယားအတိုင်း ဖော်ပြလိုက်ပါသည်။