သင်္ဃန်းကျွန်းဆေးရုံကြီးတွင် H1N1 တုပ်ကွေးလူနာနှစ်ဦး သေဆုံး

H1N1 ရာသီပေါ်တုပ်ကွေးရောဂါဖြင့် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ လူနာ ၂ ဦး သေဆုံးသွားကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှက Myanmar Now ကို ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းတွင် အတည်ပြုပြောကြားသည်။ ဇူလိုင်လ ၂၅ ရက်နေ့က ဆေးရုံသို့ ရောက်ရှိလာသော ၅ နှစ်အရွယ်ကလေးမှာ ထိုနေ့မှာပင် ဆုံးပါးသွားခဲ့ပြီး၊ ဇူလိုင် ၂၄ ရက်နေ့က ရောက်ရှိလာသော အသက် ၃၄ နှစ်အရွယ်အမျိုးသားမှာ ဇူလိုင် ၂၇ မနက်တွင် ချောင်းဆိုး၊ ဖျားနာ စသည့် ဝေဒနာများ ခံစားရပြီး ဆုံးပါးသွားရခြင်းဖြစ်ကြောင်း ဆေးရုံအုပ်ကြီးက ဆိုသည်။ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် H1N1 လူနာတစ်ဦး ရှိနေကြောင်း၊ ကုသမှုခံယူနေသော အဆိုပါ ၂၉ နှစ်အရွယ် အမျိုးသမီးအခြေအနေမှာ … Continue reading သင်္ဃန်းကျွန်းဆေးရုံကြီးတွင် H1N1 တုပ်ကွေးလူနာနှစ်ဦး သေဆုံး