အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုက်ကယ်ကျော်မြင့် အာမခံ ၂ ခု ရပြီ

ရန်ကုန် – ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိဖြစ်သူကို လာဘ်ငွေ ပေးခဲ့ရသည်ဟု စွပ်စွဲပြီးနောက် ထိန်းသိမ်းခံနေရသူ  ဦးမိုက်ကယ်ကျော်မြင့် ရင်ဆိုင်နေရသည့် အမှု ၃ ခု အနက် ၂ ခုအတွက် အာမခံပေးကြောင်း ဒဂုံမြို့နယ်တရားရုံးက  သြဂုတ် ၈ ရက်နေ့တွင် ဆုံးဖြတ်လိုက်သည်။

ကျန်ရှိသည့် စီတန်းလှည့်လည်မှု ပုဒ်မ ၁၉(င) အတွက် သြဂုတ် ၁၁ ရက်နေ့ ရုံးချိန်းတွင် အာမခံ လျှောက်မည် ဖြစ်ကြောင်း၊  ထိုအမှု အာမခံရလျှင် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရတော့မည် မဟုတ်ဘဲ  ပြင်ပမှ တရားရင်ဆိုင်နိုင်မည်ဖြစ်ကြောင်း သူ၏ ရှေ့နေ ဦးဖြိုးသော်ဇင်က ဆိုသည်။

လတ်တလော အာမခံ ရလိုက်သည့် အမှု နှစ်ခုမှာ ဒဂုံမြို့နယ် ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊ရာဇသတ်ကြီး ပုဒ်မ(၂၁၁)တို့ဖြင့် စွဲဆိုထားသော အမှုများ ဖြစ်သည်ဟု ဦးမိုက်ကယ်ကျော်မြင့်၏ အမျိုးသမီးဖြစ်သူ ဒေါ်အေးအေးသင်းကပြောသည်။

“မနေ့က ရုံးချိန်းမှာ တရားလိုဘက်က သက်သေ ရဲအုပ်ဇော်ဇော်ထွန်းကို စစ်တယ်။ မနေ့ကမှပဲ အာမခံ တင်လိုက်တယ်။ တင်ပြီးပြီးခြင်းပဲ အာမခံရတယ်” ဟု ဒေါ်အေးအေးသင်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တရားလိုမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်း ဖြစ်သည်။

ဦးမိုက်ကယ်ကျော်မြင့်က တိုင်းဝန်ကြီးချုပ်သည် “လက်သင့်ရာ စားတော်ခေါ်”သည့် အကျင့်ပျက်လုပ်ကိုင်မှု၊ အဂတိလိုက်စားမှုများကို ရာထူးနှင့်အာဏာကို အလွဲသုံးစား ပြုလုပ်၍ အကာအကွယ်ပေးနေမှုများ ရှိနေသည်ဟု  ဇွန်လ၂ရက်နေ့တွင် သတင်းသမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ရာမှ အမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ကိုယ်ရေးအရာရှိ၏ အဂတိလိုက်စားမှုများကို ဖော်ထုတ်သွားမည်ဟု ပြောဆိုပြီးနောက် ၎င်း ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။  

လာဘ်ငွေယူခဲ့သည်ဟု စွပ်စွဲခြင်းခံရသူ ဦးတင်ထွန်းက ၎င်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ မဟုတ်ကြောင်း၊ လာဘ်ငွေ ၁၂ သိန်း ယူခဲ့ခြင်းလည်း မရှိကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) သတင်းဌာနကို ပြောသည်။    ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button