အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ငါန်းဇွန်မြို့နယ်၊ ရွှေပေါက်ပင်ကျွန်းတွင် စစ်တပ်က ဒုတိယအကြိမ်မီးရှို့၊ နေအိမ် ၃၉လုံး မီးလောင်ကျွမ်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ရွှေပေါက်ပင်ကျွန်း(ဒေသအခေါ် ဂျပန်ကျွန်း) ကို ယမန်နေ့ ဇန်နဝါရီ ၁၇ နံနက်ပိုင်းက စစ်တပ်မီးဝင်ရှို့သဖြင့် နေအိမ် ၃၉ လုံးမီးလောင်ပြာကျသွား သည် ဟုသိရသည်။

ငါန်းဇွန်မြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ဘေးရှိ အဆိုပါကျွန်းပေါ်တွင် နေအိမ် ၁၀၀ နီးပါး နေထိုင်ကြပြီး ထက်ဝက်နီးပါး မီးလောင်ဆုံးရှုံးခဲ့ရသည်။

“မြောင်နဲ့ဟိုဘက်ဒီဘက်ကမ်းဆိုတော့ PDF ခိုအောင်းနိုင်တယ်ဆိုပြီး ဝင်မွှေတာ။ ဘာမှမတွေ့ဘဲရှို့တာ၊ PDF စခန်းရှိလို့ မဟုတ်ဘူး” ဟုလုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

[youtube https://www.youtube.com/watch?v=-cGsWF8WsMM]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button