
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံရွာက စစ်ကောင်စီတပ်စွဲထားသည့် စခန်းကို ဖေဖော်ဝါရီ ၁၄ရက်၊ နေ့လည်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု ပခုက္ကူ PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်ရှိ ပန်းတိုင်းခြုံကျေးရွာတွင် စစ်ကောင်စီတပ်က အင်အား ၁၀၀ခန့်ဖြင့် ပြီးခဲ့သည့်လကတည်းက တပ်စွဲထားသည်။
သို့သော် ယမန်နေ့က သွားရောက်တိုက်ခိုက်ချိန်တွင် စစ်သား ၁၅ဦးနှင့် ပျူစောထီးအဖွဲ့ဝင်အချို့သာ ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောကြားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… နှိပ်၍ လှူဒါန်းနိုင်ပါသည်)
[youtube https://www.youtube.com/watch?v=cT3p4TG7yq4]