စစ်ကြောင်းနှင့် တိုးသည့် မတ္တရာမှ လူငယ်နှစ်ဦး သတ်ဖြတ်မီးရှို့ခံရ

စစ်တပ်စစ်ကြောင်းအခြေအနေ ကင်းထောက်နေစဉ် စစ်သားများနှင့်တိုးကာ ဖမ်းဆီးခံရသည့် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်လူငယ်နှစ်ဦး၏ ရုပ်အလောင်းများကို ရွာအတွင်း တွေ့ရှိခဲ့ရသည်။ 

ခင်ဦးမြို့နယ်အတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တချို့အား နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ် ။ (ဓာတ်ပုံ- Myanmar Now)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းရှိ ပိုဝကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်းကို ကင်းထောက်နေသည့် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် လူငယ်နှစ်ဦး ဖမ်းဆီးခံရပြီး သတ်ဖြတ်မီးရှို့ခံရ ကြောင်း သိရသည်။ 

ယခုလ၂၇ ရက်က မတ္တရာမြို့မှ လာသည့် စစ်သား ၆၀ ခန့်သည် ဧရာဝတီမြစ်အရှေ့ဘက်ရှိ ပိုဝရွာကို ဝင်ရောက်စီးနင်းစဉ် အဆိုပါလူငယ်နှစ်ဦးအပြင် အခြားရွာခံ ၂၀ ကျော်ပါ ဖမ်းဆီးခံရသည်။ အဖမ်းခံရပြီးနောက် သတ်ဖြတ်မီးရှို့ခံရသည့် လူငယ်နှစ်ဦးမှာ အသက် ၁၉ အရွယ် ကိုပြည့်ပြည့်ကျော် နှင့် ကိုနိုင်းနိုင်ဆိုသူတို့ဖြစ်ပြီး ရွာကာကွယ်ရေးအဖွဲ့ဝင်များဖြစ်သည်ဟု သိရသည်။ 

ယမန်နေ့ (ဒီဇင်ဘာ ၂၈) တွင် ပိုဝကျေးရွာမှ စစ်ကြောင်းပြန်ထွက်ခွာသွားပြီးနောက် ရွာအတွင်းဝင် ရောက်ကြည့်ရှုစဉ် ထိုလူငယ်နှစ်ဦး၏ ရုပ်အလောင်းများကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်သူ ကိုကောင်းကင်က ပြောသည်။

“ကလေးတွေက ပိတ်မိနေတဲ့ပြည်သူတွေ ကယ်ထုတ်ဖို့ Scout ကင်းထောက်သွားရင်းနဲ့ ဖမ်းခံလိုက် ရတာ။ ဒီနေ့မှ ရွာဝင်လို့ရလို့ အလောင်းတွေ တွေ့တာ။ ဘယ်နေ့တုန်းက သတ်တာလဲတော့ မသိရဘူး” ဟု သူက ဆိုသည်။ 

ကျေးရွာအတွင်းမှ တွေ့ရှိရသည့် ရုပ်အလောင်းနှစ်ခုမှာ မည်သူမည်ဝါ ခွဲခြားမရတော့ဘဲ အရိုးစုသာ ကျန်ရစ်သည်ဟု ဆိုသည်။ထိုလူငယ်နှစ်ဦးမှာ ကျေးရွာကာကွယ်ရေးအတွက် ကင်းထောက်သည့်အဆင့်သာဖြစ်ပြီး တိုက်ခိုက်ရာ တွင် ပါဝင်သူများမဟုတ်ကြကြောင်း  ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော ဧရာဝတီ ညီအစ်ကိုတော်လှန်ရေး ညီနောင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

“ရုပ်အလာင်းတွေကတော့ တော်တော်ပျက်စီးသွားပြီ။ ရုပ်တောင် မပီတော့ဘူး။ ရွာကာကွယ်ရေးအဖွဲ့ လေးဖွဲ့ပြီး သူခိုးဓားပြရန်ကာကွယ်နေတာ။ သူတို့ (စစ်သားတွေ)လာရင် ပြေးပေါ့ဗျာ” ဟု သူက ဆိုသည်။

စစ်ကြောင်းကို ကင်းထောက်ခြင်း၊ မိုင်းထောင်ရန် ပြင်ဆင်နေဆဲမှာပင် စစ်ကြောင်းနှင့် တိုးပြီး စစ်ကိုင်းတိုင်း အခြေစိုက် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရမှုများရှိနေသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် မိုင်းထောင်နေသည့် ရွှေဘိုခရိုင် PDF တပ်ရင်း (၁) မှ PDF ၇ ဦး စစ်ကြောင်းနှင့် ထိပ်တိုက်တိုးပြီး အသတ်ခံရမှု ဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အနောက်ခြမ်းတွင် ယခုလ ၁၁ ရက်က ကျေးရွာအဆင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် နှစ်ဦး မိုင်းထောင်နေစဉ် ဖမ်းဆီး နှိပ်စက်ညှဉ်းပန်းခံရပြီးနောက် ဦးခေါင်းကို အနီးကပ် ပစ်သတ်ခံရသည်။

ထိုကဲ့သို့ ကာကွယ်ရေးအဖွဲ့ဝင်များ စစ်ကြောင်းနှင့်တိုးကာ ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် ဒေသကာ ကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုကောင်းကင်က မှတ်ချက်ပြုသည်။ 

“ကျွန်တော်တို့ကတော့ ကာကွယ်နိုင်သလောက်ကာကွယ်ရမှာပဲ။ ကျွန်တော်တို့က လုပ်နိုင်သလောက် ဆက်လုပ်မှာပါပဲ ။ ပြည်သူတွေအိမ်မီးရှို့၊ ကာကွယ်ရေးအဖွဲ့ဝင်တွေ မတရားသတ်ဖြတ်နေတဲ့ စကစ ကို ကျွန်တော်တို့ အဆုံးစွန်ထိ တွန်းလှန်ကာကွယ်နေမှာပဲ”ဟု ဆိုသည်။ 

ထိုစစ်ကြောင်းဝင်သည့်နေ့မှာပင် ကပ်လျက်ရှိ စိန်ပန်းကုန်းကျေးရွာကိုလည်း  စစ်သားများကမီးရှို့ခဲ့ ပြီး ထိုရွာမှ အသက်၂၇ နှစ်အရွယ်အမျိုးသားတစ်ဦးကို ရွာအပြင်၌ သတ်ဖြတ်ခဲ့ပြီး အသေးစိတ် မသိရသေးပေ။

စစ်သားများသည့် ပိုဝကျေးရွာသားများကို ပြန်လွှတ်ပေးခဲ့ပြီး ယမန်နေ့ညနေက ပိုဝကျေးမြောက်ဘက် နှစ်မိုင်ခွဲခန့်အကွာရှိ ဥဒိန်ကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ကလေးမြို့နယ်တွင် စာသင်ကျောင်း တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအနောက်ပိုင်း လက်ပံချောင်း-ရာဇဂြိုဟ်ကားလမ်းမကြီးဘေးရှိ ရွာစာသင်ကျောင်းကို စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်သည်။

အဝေးထိန်းမိုင်း ထိန်းချုပ်စက်များ သုံးရန် စစ်ကောင်စီ လျှို့ဝှက်ညွှန်ကြားထား

တော်လှန်ရေးအဖွဲ့များ အဓိကသုံးစွဲလေ့ရှိသည့် မိုင်းဒဏ် မခံရစေရေး Jammer (ဆက်သွယ်ရေးလှိုင်း ဖြတ်တောက်စက်) ၆ မျိုး သုံးစွဲရန် စစ်ကောင်စီက အောက်ခြေတပ်များကို အမိန့်ပေးထားသည်။

ပြည်သူအပေါ် အကြမ်းဖက်နေသည့် မြန်မာစစ်တပ်ကို အင်ဒိုကာကွယ်ရေးဝန်ကြီး ဆုံးမ

လူထု၏ မုန်းတီးခြင်းခံနေရသည့် မြန်မာစစ်တပ်အနေဖြင့် နိုင်ငံရေးမှ ဖယ်ခွာပြီး ပြည်သူကို ကာကွယ်ရေးဆိုသော စစ်တပ်၏ ပဓာနတာဝန်ကိုသာ ထမ်းဆောင်သင့်ကြောင်း အင်ဒိုနီးရှားစစ်တပ် ဗိုလ်ချုပ်ဟောင်း၊ လက်ရှိ ကာကွယ်ရေးဝန်ကြီးက ပြောသည်။

မုန်တိုင်းသင့်ဒေသများကို ဝင်ရောက်ခွင့်မရသေးကြောင်း ကုလထုတ်ပြန်

မိုခါမုန်တိုင်းကြောင့် နေအိမ်၊ လယ်ယာနှင့် အိမ်မွေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ရာ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ လူဦးရေ ၁ ဒသမ ၆ သန်းခန့်မှာ သေရေးရှင်ရေးတမျှ

လားရှိုးထောင်ရှိ အမျိုးသမီးတစ်ဦး နှစ်နှစ်ကျော်အထိ ဦးခေါင်းဒဏ်ရာ ဆေးကုခွင့်မရ

အသက် ၂၉ နှစ်အရွယ် အမျိုးသမီးမှာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အဖမ်းခံရခြင်းဖြစ်ကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ အမှတ် (၅၇) စစ်ကြောရေးတွင် တစ်ပတ်ခန့် အပြင်းအထန် နှိပ်စက်ခံခဲ့ရသည်။