
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ပြည်တော်သာအဝိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးစီးနင်းလာသည့် ကားတစ်စီးကို မုံရွာ PDF၏ တပ်ရင်းတစ်ခုဖြစ်သည့် သံမဏိတပ်ဖွဲ့က ယမန်နေ့(နိုဝင်ဘာ၇)မွန်းလွဲ ၃ နာရီတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မုံရွာ-သာစည်လမ်းမပေါ်ရှိ ကျောက်စစ်ပုံရွာတွင် ဖဲရိုက်ပြီး ပြန်လာသည်ကို ဒေသခံကာကွယ်ရေးအဖွဲ့က သတင်းကြိုရကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်နေရာမှာ အမြှောက်တပ်နှင့်နီးကပ်သလို ပစ်ကွင်းမရှင်းသဖြင့် ပစ်ပြီးပြန်ဆုတ်ခဲ့ရသောကြောင့် ရန်သူ့လက်နက် မကောက်ယူနိုင်ခဲ့ဟု မုံရွာသံမဏိတပ်ဖွဲ့ ခေါင်းဆောင် ကိုသံမဏိက ပြောသည်။
သေဆုံးသူအရအတွက်နှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)
[youtube https://youtu.be/SASyEXK6Ayw]