
ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်၊ ဒါရိုက်တာကိုပေါက်ရိုက်ကူးသော “မသောက်မိသော မိုးခါးရေ” ရုပ်ရှင် ဇာတ်လမ်းတိုကို နိုင်ငံအချို့တွင် စတင်ပြသနေပြီဖြစ်ပြီး ပြည်ပရောက်မြန်မာများ ရုံပြည့်ရုံလျှံ အားပေးနေကြသည်။
အဆိုပါဇာတ်လမ်းတိုကို တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတစ်နေရာတွင် တယ်လီဖုန်းဖြင့် အဓိကရိုက်ကူးထားခြင်းဖြစ်ပြီး ပါဝင်သရုပ်ဆောင်ထားသူများမှာ နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်များမဟုတ်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်လာသော ရဲနှင့်စစ်သားများ၊ PDF ရဲဘော်များ ဖြစ်ကြသည်။
ယခုဇာတ်လမ်းသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင်ပါဝင်လာသူ ရဲနှင့်စစ်သားအပါအဝင် နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ပြုရိုက်ကူးထားခြင်းဖြစ်ကာ နိုင်ငံ ၁၅ နိုင်ငံတွင် ဘာသာစကား(၅)မျိုး စာတန်းထိုးပြီး ပြသသွားမည်််ဟု သိရသည်။
ရှေ့လများက “နိုင်ငံပျောက်သူ” “စမှတ်” အစရှိသည့်ရုပ်ရှင်ဇာတ်လမ်းတိုများသည် ပြည်တွင်း၊ပြည်ပပရိတ်သတ်များအကြား အလွန်ရေပန်းစားခဲ့ပြီး စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်များတွင်အသုံးပြုရန် ရန်ပုံငွေသန်းချီရှာပေးနိုင်ခဲ့သည်။ စစ်အာဏာရှင်ကိုဆန့်ကျင်သော နယ်ပယ်စုံမှ အနုပညာသမားများသည် သီချင်း၊ရုပ်ရှင်၊ စာပေ၊ ပန်းချီအစရှိသဖြင့် အနုပညာပစ္စည်းများဖြင့် တော်လှန်ရေးစိတ်ဓါတ်လှုံ့ဆော်နေသလို ရန်ပုံငွေရှာဖွေ ရန်ကြိုးစားနေသည် ကိုတွေ့ရသည်။
ယခု ရုပ်ရှင်ဇာတ်လမ်းတို ရိုက်ကူးရန် ပြင်ဆင်ခဲ့ပုံ၊ ဇာတ်လမ်းဇာတ်ညွှန်း၊ တော်လှန်ရေးတွင် အနုပညာ၏အရေးပါမှု၊ ပရိတ်သတ်နှင့်အနုပညာသမားများအတွက်သတင်းစကားများနှင့်ပတ်သက်ပြီး ဒါရိုက်တာကိုပေါက်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
[youtube https://youtu.be/gicsRQ9JoFI]