ရုပ်သံသတင်း

အစာဈေး နှစ်ဆနီးပါးမြင့်တက်မှုကြောင့် မွေးမြူရေးလုပ်ကိုင်သူများ ခက်ခဲလာ

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်လာချိန် အစာဈေးနှုန်းများ နှစ်ဆနီးပါး မြှင့်တက်လာမှုကြောင့် မွေးမြူရေးလုပ်ငန်းဖြင့် အခက်ကြုံလာကြသည်။

ယခင်က နို့ပေးနွားမအစာတစ်အိတ်လျှင် ၁၂၀၀၀ကျပ်မှ ယခု ၁၈၀၀၀၊ ယခင် နှမ်းဖတ်တစ်အိတ်လျှင် ၂၈၀၀၀မှ ယခု ၃၉၀၀၀၊ ကြံသကာတစ်အိတ်လျှင် ယခင် ၃၈၀၀၀မှ ယခု ၅၅၀၀၀ အထိ ဈေးတက်သွားသည်။

ယခုအတိုင်းသာ မွေးမြူရေးအစာနှင့် စရိတ်များ ဆက်လက်မြင့်တက်နေပါက မွေးမြူရေးကဏ္ဍတွင် ရေရှည်ရပ်တည်ရန် ခက်ခဲလာမည်ဟု မွေးမြူရေးနယ်ပယ်တွင် ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

 

[youtube https://www.youtube.com/watch?v=CMd-EMChZUU]

Related Articles

Back to top button