ရုပ်သံသတင်း

“လူမဆန်စွာ ရိုက်နှက်တာတွေ၊ ကန်တာတွေ တွေ့တယ်”

ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြလူငယ်တွေ ဘယ်လို ဖမ်းဆီးခံလိုက်ရလဲရန်ကုန် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ယမန်နေ့(စက်တင်ဘာ ၁၃) ညနေပိုင်းက လူငယ်အချို့ စတင်ဆန္ဒပြစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် သတင်းသမား နှစ်ဦး အပါအဝင် စုစုပေါင်း ၁၅ဦး ဖမ်းဆီးခံခဲ့ရသည်။ ပန်းပင်ကြီးလမ်းတွင် လူငယ်များ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခံရမှုသည် ဒုတိယအကြိမ်မြောက်လည်း ဖြစ်သည်။

အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားများဖြင့် ကြိုတင်နေရာယူကာ သေနတ်ပစ်ပြီး အကြမ်းပတမ်း ရိုက်နှက်ဖမ်းဆီးသွားသည့် အခြေအနေများနှင့်ပတ်သက်ပြီး ပြန်လည်လွတ်မြောက်လာသည့် ဆန္ဒပြလူငယ်တစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

[youtube https://youtu.be/8dW18zxNJYQ]

Show More

Related Articles

Back to top button