ရုပ်သံသတင်း

စစ်ကောင်စီ၏ ဒေါ်လာဂယက် ဆေးဝါးဈေးကွက်ပါ ရိုက်ခတ်

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အကြာ မြန်မာကျပ်ငွေတန်ဖိုး လွန်စွာ ကျဆင်းနေချိန်တွင် ပြည်ပသွင်းကုန်ပေါ် လုံးလုံးမှီတည်နေရသည့် ဆေးဝါးဈေးကွက်ကိုလည်း ကြီးမားစွာရိုက်ခတ်နေသည်။

Decolgen, Enervon – C ကဲ့သို့သော ဈေးကွက်တွင် လူသုံးများသည့် ဆေးများမှာ ဩဂုတ်လကုန်တွင် ၂၀၂၁ ဖေဖော်ဝါရီ၊ အာဏာမသိမ်းမီ ပေါက်ဈေးထက် ၄၇ ရာခိုင်နှုန်းကျော် ဈေးတက်သွားသည်ဟု စုံစမ်းသိရှိရသည်။ လူသုံးနည်းသည့် အခြားဆေးဝါးများသည်လည်း ၃၀ ရာခိုင်နှုန်းနှင့်အထက် ဈေးမြင့်သွားသည်ဟု ဆိုသည်။

စစ်ကောင်စီက ထိန်းချုပ်ထား၍ အမေရိကန်ဒေါ်လာ ဝယ်မရဖြစ်နေသည့် အခြေအနေတွင် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်ခြင်း၊ ဈေးနှုန်းမတည်ငြိမ်ခြင်းတို့ကြောင့် ဆေးဆိုင်အချို့မှာ ပိတ်ထားရသည့် ကိန်းပင်ဆိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/xu2wopOBxRE]

Show More

Related Articles

Back to top button