
ကိုလိုနီခေတ်ကတည်ဆောက်ခဲ့သည့် အင်းစိန်ထောင်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးထောင်တစ်ခုဖြစ်ပြီး အာဏာရှင် ခေတ်အဆက်ဆက် အင်းစိန်ထောင်တွင်း၌ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် လူ့ငရဲဟု ခေါ်ဝေါ်ခဲ့ကြသည်။
NLD အရပ်သားအစိုးရလက်ထက်တွင် အင်းစိန်ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုများ လျော့နည်းသွားသလို အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်ပြောင်းလဲလာခဲ့သည်။ ၂၀၁၂ ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက် အင်းစိန်ထောင်တွင်း အခြေအနေများပြန်လည်ဆိုးရွားလာပြီး ၂၀၂၂ ဇူလိုင်လ တတိယအပတ်တွင် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်လိုက်သည့်အချိန်တွင် အင်းစိန်ထောင်သည် အဆိုးဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/iCogvdZTfyQ]