
စစ်တပ်အာဏာသိမ်းပြီးတစ်နှစ်ခွဲကျော်လာချိန်တွင် လူငယ်အများအပြား ပြည်ပနိုင်ငံများကို အလုပ်ထွက်လုပ်ရန် ပြင်ဆင်လာကြပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်သူများ ပိုမိုများလာနေသည်။ ပြီးခဲ့သည့်မတ်လကစပြီး စစ်ကောင်စီက နိုင်ငံကူးလက်မှတ်များကို အွန်လိုင်းက ကြိုတင်ရက်ချိန်းယူပြီးမှ ပြုလုပ်ပေးသည့်စနစ်ကို ပြောင်းလဲခဲ့ပါသည်။
ယခုချိန်တွင် ရက်ချိန်းတစ်ခုကို ပြင်ပပေါက်ဈေး ၈ သောင်းကနေ သိန်းဂဏန်းထိ ပွဲစားများဆီတွင် ဈေးပေးဝယ်နေရသည်။ နိုင်ငံကူးလက်မှတ်လုပ်ဖို့ ပုံမှန်အတိုင်းရက်ချိန်းတင်ရင် အနဲဆုံး ၃ လခန့်ကြာသဖြင့် အမြန်ဆုံးလုပ်နိုင်မည့်ရက်ချိန်းများကို ပွဲစားဆီက ဝယ်ယူရသလို နိုင်ငံကူးလက်မှတ် ပြုလုပ်ခဈေးနှုန်းပါ ထည့်ပေါင်းရင် သိန်းချီကုန်ကျပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/V7zaAbGmpvQ]



