ရုပ်သံသတင်း

ကုန်ဈေးနှုန်းတက်လာတဲ့ ဒုက္ခနဲ့ ရှာရင်းငတ်လာတဲ့ ပြည်သူလူထု

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်လာချိန်တွင် အခြေခံစားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားနဲ့ အသားငါး၊ ဟင်းသီးဟင်းရွက်ဈေးများသည် တစ်လထက်တစ်လ တစ်ရိပ်ရိတ်တက်လာပြီး ပြည်သူများ အထွေထွေကျပ်တည်းမှု ဒုက္ခကိုရင်ဆိုင်နေရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စီးပွာရေးအရှိန်အဟုန်မြင့်အောင် ဆောင်ရွက်နေကြောင်း အကြိမ်အကြိမ်ပြောဆိုနေခဲ့သလို ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထပ်မံပြောသွားခဲ့ပါသည်။ သို့သော်လည်း လက်တွေ့တွင် ပြည်သူများမှာ မီးမရ၊ ရေမရ၊ စားသုံးဆီတန်းစီနေရသည့် အခြေအနေများနှင့် ရင်ဆိုင်နေရပြီး စားဝတ်နေရေးအခြေအနေသည် တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/fII6zn0KaeA]

Show More

Related Articles

Back to top button