ရုပ်သံသတင်း

တော်လှန်ရေးပြီးရင် မိသားစုပြန်ဆုံဖို့ မျှော်လင့်နေတဲ့ မချစ်စု

အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ရန်အတွက် လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ခဲ့သည့် ခင်ပွန်းဖြစ်သူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်ခဲ့သဖြင့် ကလောမြို့ပေါ်တွင် ကျန်ရစ်ခဲ့သည့် ဇနီးနှင့်သမီးတို့ကို အာဏာရှင်တပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးရန် ကြိုးစားခဲ့သည်။

အာဏာရှင်တပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးသဖြင့် မချစ်စုသည် သမီးနှင့်အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဘဝကို ရုန်းကန်ဖြတ်သန်းနေရသည်။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သည့် ခင်ပွန်းဖြစ်သူကို အပြစ်မမြင်ဘဲ အားပေးခဲ့ပြီး တော်လှန်ရေးပြီးဆုံးသည့်အချိန် မိသားစုပြန်လည်ဆုံစည်းနိုင်ရန် မချစ်စုတို့သားအမိ မျှော်လင့်နေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/eG7JskTlV78]

Show More

Related Articles

Back to top button