
အနုပညာသမား၊ တက်ကြွလှုပ်ရှားသူ၊ ပါတီနိုင်ငံရေးသမား၊ အာဏာရှင်ကို လက်နက်ကိုင်တော်လှန်သူ စသည့် ဘဝမျိုးစုံ ဖြတ်သန်းခဲ့ပြီး တိုင်းပြည်နှင့် ပြည်သူများအတွက် အကြိမ်ကြိမ်အခါအခါ ပေးဆပ်ခဲ့သူ ကိုဇေယျာသော်သည် ဇူလိုင်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီ၏ သေဒဏ်စီရင်ခြင်းကိုခံခဲ့ရသည်။
ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ပြီးစီးကြောင်း စစ်ကောင်စီ ဝါဒဖြန့်သတင်းစာက ဇူလိုင်လ ၂၅ ရက်နေ့တွင် ကြေငြာခဲ့သည်။ ကိုဇေယျာသော်၏ မိခင်ဖြစ်သူ ဒေါက်တာခင်ဝင်းမေက သားဖြစ်သူသည် အနုပညာသမားဘဝတွင်သာမက နိုင်ငံရေးသမားဘဝတွင်ပါ ပြည်သူများအတွက် ပေးဆပ်ခဲ့သူဖြစ်သဖြင့် ကိုဇေယျာသော်သည် ပြည်သူ့ရဲ့သားဖြစ်ကြောင်း ပြောဆိုခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/e1xywJnNimk]