အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် မြို့ပြပြောက်ကျားတချို့ အဖမ်းခံရ

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော DRM Rangers Mandalay က ၎င်းတို့၏ အဖွဲ့ဝင်တချို့ ဇွန် ၂၇ တွင် ဖမ်းဆီးခံလိုက်ရသည်ဟု ယမန်နေ့  (ဇွန် ၂၈) တွင် သတင်းထုတ်ပြန်ထားပြီး အဖမ်းခံရသူအရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ထိုအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နေသည့် စစ်ကိုင်းတိုင်း၊ မြောင်တော်လှန်ရေးတပ် (MRA) အဖွဲ့တာဝန်ခံ ကိုစိန်ကျော်ကမူ ဖမ်းဆီးခံရသူအရေအတွက် ၅ ဦးရှိပြီး အောင်ပင်လယ်ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်တစ်ခုသို့ စစ်ကောင်စီတပ်သားများ ရောက်သွားကာ သေနတ်များပစ်ဖောက်၍ ဖမ်းဆီးခဲ့သည်ဟု သတင်းရရှိကြောင်း ပြောသည်။  

“စစ်ကောင်စီသတင်းပေး ဒလန်သူလျှိုတွေ စောင့်ကြည့်သတင်းပေးလို့ တော်လှန်ရေးအင်အားစုတွေ ခံရတာပေါ့။ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ညီအစ်ကိုတွေ အခုလိုဖမ်းခံရတာ စိတ်မကောင်းဘူး။ ဒါပေမဲ့ စစ်ကောင်စီကို   ပြောက်ကျားစစ်နဲ့ ပိုမိုတိုက်ခိုက်သွားမှာပါ။ သူတို့က စိတ်ဓာတ်ခိုင်မာတဲ့ ရဲဘော်တွေပါ” ဟု ကိုစိန်ကျော်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း DRM Rangers နှင့် MRA ပူးပေါင်းအဖွဲ့၏ မန္တလေးမြို့အနီး စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်မှုတွင် စစ်ကားသုံးစီး မိုင်းထိမှန်ပြီး စစ်သားသုံးဦး သေဆုံးကြောင်း သတင်းထုတ်ပြန်ထားသည်။

မြို့ပြနှင့် အနီးကပ်ဆုံးသော ယာဉ်တန်းမိုင်းခွဲတိုက်ခိုက်မှုလည်းဖြစ်သည်။

တိုက်ခိုက်မှုဖြစ်ပြီးနောက် အဆိုပါ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းနေရာကို ပိတ်ဆို့စစ်ဆေးခဲ့သလို လမ်းသွားလမ်းလာအချို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button