
၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အစ္စလာမ်အစွန်းရောက်စစ်သွေးကြွတွေရဲ့ မုဒိမ်းကျင့် ညှဉ်းပန်းနှိပ်စက်ခံရပြီး လွတ်မြောက်လာခဲ့တဲ့ ကာဒ်မျိုးနွယ်စုဝင် အမျိုးသမီးတစ်ဦးဖြစ်တဲ့ နန္ဓီရာမုရာဒ်နဲ့ လိင်အကြမ်းဖက်ခံရသူ အမျိုးသမီးတွေကို ဆေးကုသပေးတဲ့ ကွန်ဂိုနိုင်ငံသား သားဖွားမီးယက်ဆရာဝန် မုကွာဂျီတို့နှစ်ဦးကို နော်ဝယ်နိုင်ငံ နိုဘယ်ဆုပေးရေးကော်မတီက ပူးတွဲဆု ချီးမြှင့်လိုက်ပါတယ်။
နန္ဓီရာမုရာဒ်ဟာ အကြမ်းဖက်သမားတွေရဲ့လက်က လွတ်မြောက်လာပြီးနောက်မှာ သူ့လို အလားတူဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။
ဆုရရှိသူနှစ်ဦးဟာ စစ်ရာဇဝတ်မှုတွေ တိုက်ဖျက်ရာမှာ အရေးပါတဲ့စွမ်းဆောင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ နိုဘယ်ငြိမ်းချမ်းကော်မတီ တာဝန်ရှိသူတွေက ဆိုပါတယ်။