အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လွန်ခဲ့သည့်သုံးလက ဖမ်းဆီးခံရသော မန္တလေးရဟန်းတစ်ပါး ပျောက်ဆုံးနေ

လွန်ခဲ့သည့် သုံးလက ရိုက်နှက်ဖမ်းဆီးခံရသည့် မန္တလေးမြို့က ဆန္ဒပြရဟန်း ဦးစန္ဒိမာသည် ယနေ့အထိ အဆက်အသွယ်မရသောကြောင့် ၎င်း၏အသက်အန္တရာယ်နှင့်ပတ်သက်ပြီး မိသားစုဝင်များနှင့် မန္တလေးမြို့ခံများက စိုးရိမ်နေကြသည်။

စစ်ကောင်စီ၏ဖိနှိပ်မှုတွေကြောင့် ရက်ပေါင်း ၃၆၀ ကျော် နေ့စဉ်ဆန္ဒပြခဲ့သည့် မန္တလေးသံဃသမဂ္ဂသပိတ် စစ်ကြောင်းသည် ယာယီရပ်တန့်ထားရသော်လည်း ဆက်လက်တော်လှန်သွားမည်ဖြစ်သလို စစ်ကောင်စီက ပြုလုပ်မည့် ကဆုန်လပြည့် သံဃာတစ်သောင်းကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုလည်း မန္တလေးမြို့က သံဃာတော်တွေသပိတ်မှောက်ကြရန် မန္တလေးသံဃသမဂ္ဂက တိုက်တွန်းထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/War6cDLefP0]

Related Articles

Back to top button